Articles on this Page
- 10/13/09--23:07:_မင်္ဂလာပါရ...
- 10/13/09--23:11:_သင်...
- 11/14/09--07:56:_ဘယ်နေရာေ...
- 11/20/09--08:36:_(မ.........နဲ့ )
- 01/29/10--07:20:_အချိန်ကိ...
- 01/29/10--07:29:_အထိုင်ကြ...
- 01/29/10--07:33:_ဘုရားရှင...
- 01/29/10--07:36:_သင်ယူခြင...
- 01/29/10--07:38:_ငလျင်နဲ့...
- 01/29/10--07:44:_ဆားခတ်ထာ...
- 01/29/10--08:05:_သင်ဟာ...
- 01/31/10--07:15:_ဘာတွေပြဲ...
- 01/31/10--07:37:_ဟေတီ...
- 01/31/10--07:42:_Google တရုတ်က...
- 01/31/10--07:48:_ဘုရားဂုဏ...
- 01/31/10--07:56:_ကမ္ဘာတစ်လ...
- 02/08/10--06:50:_ ဟာသ
- 02/09/10--21:07:_၂၀၁၀ခုနှ...
- 02/09/10--21:11:_မြောက်အေ...
- 02/09/10--22:10:_ဆရာဖေမြင...
More Channels
- Feb 23: darkwinter.com
- Dec 14: micus | Keyword Feed
- Nov 25: riki's Site
- Jan 8: brother devon | Keyword Feed
- Feb 23: merchant solutions llc | Keyword...
- Jan 24: microorganisms | Keyword Feed
- Nov 25: riris' Site
- Nov 25: You have the most incredible...
- Dec 31: blazing | Keyword Feed
- Dec 9: bridezilla | Keyword Feed
- Dec 9: men and taboo acts | Keyword Feed
- Feb 23: men women model | Keyword Feed
- Nov 26: miami hurricanes | Keyword Feed
- Feb 15: michael willert | Keyword Feed
- Nov 25: - - RizZy - -
- Nov 25: living the way i want it :)
- Nov 25: sWeeT BaCin's
- Nov 25: به خانه دلم خوش...
- Feb 4: alex guru of sales | Keyword Feed
- Dec 23: blac label jeans | Keyword Feed
- Dec 9: boutique | Keyword Feed
- Feb 7: brides of color | Keyword Feed
- Feb 23: meg clayton author interview |...
- Jan 10: m. emmet walsh | Keyword Feed
- Feb 22: men on the down low | Keyword Feed
- Dec 9: mental starvation | Keyword Feed
- Dec 14: messie | Keyword Feed
- Nov 26: miami beach cando | Keyword Feed
- Feb 15: michael cavallaro | Keyword Feed
- Feb 16: michael russer | Keyword Feed
- Nov 25: fOrEvEr aUtUmN's Site
- Nov 25: El Pistolero!
- Nov 25: RAYMUND MENDOZA TM
- Nov 25: Blog
- Nov 25: rodin's Site
- Feb 6: GreenMedia
- Nov 25: live. love. enjoy life.
- Nov 25: سرزمین مهر
- Nov 25: ...
- Dec 8: acne treatment system | Keyword...
- Feb 8: black cultural | Keyword Feed
- Jan 17: black women are crazy as hell |...
- Feb 22: bob pinaha | Keyword Feed
- Dec 14: books and entertainment |...
- Feb 21: brian agosta | Keyword Feed
- Feb 23: brian steidle | Keyword Feed
- Feb 23: gather round the tree | Keyword...
- Feb 23: mega r. mease | Keyword Feed
- Jan 11: meggies remains | Keyword Feed
- Feb 23: melissa bacelar | Keyword Feed
|
|
Are you the publisher? Claim this channel |
|
Latest Articles in this Channel:
- 10/13/09--23:07: မင်္ဂလာပါရှင်....စုစုဆိုက်ကိုလာရောက်လည်ပတ်တဲ့ သူငယ်ချင်းများအားလုံး ပျော်ရွင်ချမ်းမြေ့ကြပါစေရှင် (chan 2761502)
- 10/13/09--23:11: သင် သူ့ကို တကယ်ချစ်တယ်ဆိုရင် ……. (chan 2761502)
- 11/14/09--07:56: ဘယ်နေရာလေးကနေချင်စရာအကောင်းဆုံးပါလဲ? (chan 2761502)
- 11/20/09--08:36: (မ.........နဲ့ ) (chan 2761502)
- 01/29/10--07:20: အချိန်ကို တန်ဖိုးရှိရှိ အသုံးချ (chan 2761502)
- 01/29/10--07:29: အထိုင်ကြာလေ အသက်တိုလေ (chan 2761502)
- 01/29/10--07:33: ဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်များ (chan 2761502)
- 01/29/10--07:36: သင်ယူခြင်း (chan 2761502)
- 01/29/10--07:38: ငလျင်နဲ့ ဆူနာမီ အကြောင်းလေး (chan 2761502)
- 01/29/10--07:44: ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက် (chan 2761502)
- 01/29/10--08:05: သင်ဟာ တစ်စုံတစ်ယေက် (chan 2761502)
- 01/31/10--07:15: ဘာတွေပဲဖြစ်နေနေ၊ အဖေလာမယ်၊ စိတ်ချ (chan 2761502)
- 01/31/10--07:37: ဟေတီ ကယ်ဆယ်ရေးက မြန်မာနာဂစ်ထက် ပိုမိုသာလွန် (chan 2761502)
- 01/31/10--07:42: Google တရုတ်က ထွက်တော့မည် (chan 2761502)
- 01/31/10--07:48: ဘုရားဂုဏ်တော် ကိုးပါး ပါဠိ (chan 2761502)
- 01/31/10--07:56: ကမ္ဘာတစ်လွှား ရေတံခွန်များ (chan 2761502)
- 02/09/10--21:07: ၂၀၁၀ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာဖွယ်ရှိ (chan 2761502)
- 02/09/10--21:11: မြောက်အမေရိကတိုက်တွင် အအေးပြင်းထန်ပြီး ဆီးနှင်းထူထပ်စွာကျရောက် (chan 2761502)
- 02/09/10--22:10: ဆရာဖေမြင့် စာပေဟောပြောပွဲပြုလုပ်မည် (chan 2761502)
သင် သူ့ကို တကယ်ချစ်တယ်ဆိုရင် …….
၁။ သူ့ဘ၀ထဲကို မျက်နှာဖုံးချွတ်ပြီးမှ ၀င်ပါ။
၂။ သူ၏ အားနည်းချက်ကို လူရှေ့မှာ မဖော်မိအောင်ကြိုးစားပါ။
၃။ သူ၏ လိုအပ်ချက်ကို အလိုက်တသိ ဖြည့်ဆည်းပေးပါ။
၎။ သူ့ကို အထင်သေးတဲ့ မျက်လုံးနဲ့ မကြည့်မိပါစေနဲ့။ ( ယုံကြည်မှု ပေးထားလိုက်ပါ)
၅။ သူ့ကို အပြစ်စကားတွေ မပြောပါနဲ့။ လျော့နိုင်သလောက် လျော့ပြောပါ။
၆။ ပွင့်လင်းမှုတွေနဲ့အတူ လေးလေးစားစား ဆက်ဆံပါ။
၇။ အကောင်းမြင်အကြည့်နဲ့ ကြည့်တက်ပါစေ။
၈။ သူ့အပ်ါကို တန်ဖိုးထားပါ။
၉။ အနိုင်ယူတက်တဲ့စိတ်နေရာမှာ ကိုယ်ချင်းစာစိတ်ကို အစားထိုးပါ။
၁၀။ သူ့အတွက် အချိန်ပေးပါ။
၁၁။ သဘောထားကြီးပါ။
၁၂။ သူနှင့်ပတ်သက်တဲ့အမှတ်တရနေ့တွေကို မမေ့မပျောက်အောင် မှတ်သားပါ။
၁၃။ သူစကားပြောတဲ့အခါ အလေးအနက်နားထောင်ပေးသင့်ပါတယ်။
၁၄။ ချစ်စကားကြိုက်စကားပြောနေရင်း ချီးကျူးစကားများကို ထည့်သွင်းပြောဆိုပါ။
၁၅။ သူ့၏ ချို့ယွင်းချက်များကို ပြုပြင်ပေးတက်သူဖြစ်ပါစေ။
၁၆။ မိမိရဲ့ အားနည်းချက်တွေကို သူသိအောင် ကြိုတင်ပြောပြထားပါ။
၁၇။ လူပုံအလယ်ကို ရဲ၇ဲဝံ့ဝံ့ ခေါ်သွားပြီး မိတ်ဆက်ရဲပါစေ။
အဲဒီအချစ်ဆိုတဲ့နေရာမှာ 1500 အချစ်တစ်ခုတည်း အတွက်သာမဟုတ်ပဲ။ သူငယ်ချင်း
အချစ်၊ မောင်နှမချင်း ၊ မ...
လူတိုင်း လူတိုင်းက
လူသားတွေအပြောအများဆုံးဖြစ်တဲ့ 
အအေးချမ်းဆုံးနေရာ............
စိတ်အငြိမ်းချမ်းဆုံးနေရာ.........
တိတ်စိတ်အေးချမ်းတဲ့ နေရာ.......
လုံခြုံနွေးထွေးဆုံးသောနေရာ.........
စသဖြင့် အမျိုးမျိုးရွေးချယ်ကြပါသေးတယ်။
ဒီနေရာလေးက......ဘယ်လိုနေရာမျိုးလေးဖြစ်နိုင်ပါသလဲ?
မခင်ပါနဲ့ 
ခင်ပြီးရင် မခွာတက်လို့ ပါ.....
မချစ်ပါနဲ့ 
ချစ်ပြီးရင် မမုန်းတက်လို့ ပါ...
မမေ့ ပါနဲ့ 
မေ့ ပြီးရင် ပြန်သတိမရမှာစိုးလို့ ပါ....
မပြုံးပါနဲ့ 
ပြုံးပြီးရင် ထာဝရစွဲ ကျန်တက်လို့ ပါ......
မလွမ်းပါနဲ့ 
လွမ်းပြီးရင် တမ်းတမှုတွေ ကျန်တက်လို့ ပါ....
မရေးပါနဲ့ 
ရေးမိရင် ကဗျာဖြစ်သွားတက် လို့ ပါ.......
မညည်းပါနဲ့ 
ညည်းမိရင် သီချင်းဖြစ်သွားတက်လို့ ပါ......
အင်း......နားလည်မှု့ လေးတွေလည်းမရပ်လိုက်ပါနဲ့ 
ကြင်နာမှု့ လေးတွေလည်း မလျှော့ လိုက်ပါနဲ့ ........
အချိန်တိုင်းမှာ ပျော်ရွှင်မှု့ လေးတွေနဲ့ 
ထာဝရ အမြဲရှိအနားမှာ ရှိနေပါရစေ.............။
အချိန်ကို တန်ဖိုးရှိရှိ အသုံးချမည်ဟု ပိုင်းဖြတ်ထားသူ တစ်ယောက်အနေနှင့် ပထမဆုံး ရှင်အးရမည့်အရာကား အချိန်ဆွဲတတ်သော အလေ့အထဖြစ်၏။ “အချိန်ဆွဲခြင်းဟူသည် အချိန်ခိုးယူ ခံရခြင်း ပင်ဖြစ်သည်” ဟူသော စကားပုံတစ်ခု ရှိ၏။ အချိန်ဆွဲသူသည် မိမိအချိန်ကို မိမိ ခိုးယူဖြုန်းတီးနေခြင်းပင် ဖြစ်သည်။
အချိန်ဆွဲခြင်း၏ အနီးစပ်ဆုံး ညီနောင်သားချင်းကား မပြတ်မသား ချီတုံချတုံ ဖြစ်ခြင်းပင်တည်း။
အချိန်တွေ အလဟသ ပြုန်းတီးခြင်း၊ အခွင့်အရေးများ လက်လွတ်ဆုံးရှုံးရခြင်းနှင့် ခေါင်းကိုက်ခြင်းများ ဖြစ်ရသည့် အဓိက အကြောင်းအရင်းများထဲတွင် မပြတ်မသား ချီတုံချတုံ ဖြစ်နေခြင်း (၀ါ) ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင် မချနိုင်ခြင်းသည် ထိပ်ဆုံးက ပါဝင်၏။ လူအတော်များများပင် ရွေးချယ် ဆုံးဖြတ်ရသည့် အလုပ်ကို အလွန်ကြောက်ကြ၏။
ဆုံးဖြတ်ရမှာ ကြောက်တတ်လှပုံ အကြောင်း ပုံပြင်တစ်ပုဒ် ပြောပါမည်။
တစ်ခါက အာလူးစိုက်ခင်း ပိုင်ရှင်တစ်ယောက်သည် သူ၏ အာလူးပုံကြီးကို အကြီး၊ အလတ်၊ အသေးဟူ၍ သုံးမျိုး သုံးပုံ ခွဲခြားပေးရန် အလုပ်သမားတစ်ယောက်အား ငှားရမ်း ခိုင်းစေ၏။ နာရီအနည်းငယ်မျှ ကြာအောင် လုပ်ကိုင်ပြီးနောက် အလုပ်သမားက မိမိဆက်မလုပ်နိုင်တော့ကြောင်း စိုက်ခင်းရှင်အား ပြောကြားေ...
Couch potatoes and Mouse Potatoes live shorter lives
တီဗွီရှေ့ကြာကြာထိုင်သူများကို Couch potatoes ကွန်ပြူတာရှေ့ကြာကြာထိုင်သူများကို Mouse Potatoes လို့ခေါ်ပါတယ် တဲ့။ (ဂျပန်လိုကတော့ ခိုတာ့ဆု ဘူတာ့ こたつブタ လို့ ပြောကြပါတယ်)
အမေရိကန်နိုင်ငံ နှလုံးအဖွဲ့အစည်း ကနေတွေ့ရှိချက်ထုတ်ပြန်ချက်တစ်ခုအရ တစ်နေ့တစ်နေ့ အထိုင်များတဲ့ အချိန်များလေလေ အသက်ပိုတိုစေတဲ့ နှုန်းပိုများလာစေတာကို သြစတေးလျနိုင်ငံ သုတေသနအဖွဲ့ကနေ ယူဆကြောင်း အမေရိကန်သတင်းစာ နယူးယောက်တိုင်းမ်စ် မှာ ဖေါ်ပြထားပါတယ်။ အသက်၂၅နှစ်အရွယ် လူပေါင်း ၈၈၀၀ယောက်ကို ၆နှစ်ခွဲကြာ လေ့လာခဲ့တဲ့ သုတေသနဖြစ်ပါတယ်။ တောက်လျှောက်ထိုင်ပြီး တီဗွီကြည့်ချိန် တစ်နာရီပိုကြာတာနဲ့လိုက်ပြီး နှလုံးရောဂါဖြင့် အသက်တိုစေတဲ့နှုန်း ၁၈% ပိုများပြီး၊ အခြား အကြောင်းရင်းများအရ အားလုံးကိုခြုံ ၍ကြည့်လျှင်လည်း အသက်တိုစေနှုန်း ၁၁%ခန့်ပိုများနိုင်တယ်ဆိုတဲ့ အချက်ကို တွေ့ရှိရတယ်လို့ဆိုပါတယ်။ တစ်နေ့ကို ၄နာရီ သို့ မဟုတ် ၎င်းထက်ပိုပြီး အချိန်ကြာမြင့်စွာ တီဗွီကြည့်သူများ ဟာ၊ အချိန်၂နာရီနှင့် ၎င်းအောက်အချိန်နည်း၍ တီဗွီကြည့်သူများထက် နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါကြောင့် သေဆုံးနိုင်...
ဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်များကို ဒီအတိုင်း ဆက်လက်တည်မြဲသွားဖို့ ရှင်မဟာကဿပ သင်္ဂါယနာတင်ပြီး သိပ်မကြာခင်မှာ ဗုဒ္ဓရဲ့ သာသနာဟာ နှစ်ပိုင်း ပိုင်းသွားခဲ့ပါတယ်။
တစ်ပိုင်းက
(၁) ပြောသံကြားဖြင့် အမှန်မယူရ။
(၂) အစဉ်အဆက်စကားဖြင့် အမှန်မယူရ။
(၃) ဤသို့ဖြစ်ဖူးသည် ဆိုကာမျှ အမှန်မယူရ။
(၄) စာပေနှင့်ညီညွတ်သည် ဆိုကာမျှ အမှန်မယူရ။
(၅) ကြံဆတွေးတောယူခြင်းဖြင့် အမှန်မယူရ။
(၆) နည်းမှီယူခြင်းမျှဖြင့် အမှန်မယူရ။
(၇) အခြင်းအရာကို နှစ်သက်သဖြင့် အမှန်မယူရ။
(၈) ငါ့အယူအဆနှင့်တူသည် ဆိုကာမျှ အမှန်မယူရ။
(၉) မှတ်သားထိုက်သည် ဆိုကာမျှ အမှန်မယူရ။
(၁၀) လေးစားထိုက်သူစကား ဆိုကာမျှ အမှန်မယူရ။
ဆိုတဲ့ ဘုရားရှင်ရဲ့ စကားကိုယူပြီး သိပ္ပံနည်းကျတွေ သဘာဝယုတ္တိတွေနဲ့ ကိုက်ညီမှ လက်ခံမယ်ဆိုပြီး ဘုရားရှင်စာပေကို ပြုပြင်ရဲခဲ့ကြတယ်။
ဘုရားရှင်ရှိတုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်။ အရိဋ္ဌရဟန်းနဲ့ ကဏ္ဋကသာမဏေတို့လေ။ ဘုရားရှင်က ပထမပါရာဇိကကို သတ်မှတ်တာ မဖြစ်နိုင်ဘူး။ ဒါဟာ ရဟန်းသံဃာတွေကို သက်သက်ညှင်းဆဲတာဖြစ်ပါတယ် လို့ ဘုရားရှင်ကို ပြန်လည် စွပ်စွဲခဲ့ကြတယ်။ သူတို့ ပြန်စွပ်စွဲတာလည်း သာဓက အခိုင်အလုံနဲ့ပဲ။ ဘုရားရှင် ရှိတုန်းမို့လို့သာပေါ့။ နို့မို့ဆို အဲဒီဝါဒဟာ...
ကြောင်ကလေး တစ်ကောင်ဟာ တစ်နေ့ထက်တစ်နေ့ ကြီးပြင်းလာခဲ့တယ်။ တစ်နေ့မှာ ကြောင်မေမေက ကြောင်ကလေးကို ခေါ်ပြီး “သား ကြီးပြင်းလာပြီနော်.. နောက် ၃ ရက်ကြာရင် မေမေရဲ့နို့ကို သားမစို့ရတော့ဘူး။ ကိုယ်တိုင် အစာသွားရှာရမယ်” လို့ မှာတယ်။
ကြောင်မေမေ စကားကြားတော့ ကြောင်ကလေးက အထိတ်တလန့် ” မေမေ ဘယ်လိုအစာမျိုးကို သားရှာရမလဲ?” လို့ မေးတယ်။
“ဘယ်လိုအစာမျိုးကို စားရမလဲဆိုတာ ချက်ချင်းကြီး မေမေလည်း ပြောမပြတတ်ဘူး။ မေမေတို့ ဘိုးဘေးတွေ ထားခဲ့တဲ့နည်းကိုပဲ အရင်အသုံးပြုကြတာပေါ့။ ပထမဦးဆုံး ညရောက်ရင် လူနေအိမ် ခေါင်မိုးပေါ်မှာ သားသွားပုန်းနေပါ။ နောက် ထပ်ခိုးပေါ်မှာ၊ သေတ္တာဘေးမှာ၊ အိုးဘေးတွေမှာ သားသွားပုန်းနေပြီး လူတွေပြောတဲ့ စကားကို သေချာနားထောင်ပါ။ သားအလိုလိုနေရင်း အစာရှာတတ်သွားပါလိမ့်မယ်” လို့ ကြောင်မေမေက မှာတယ်။
ပထမညမှာ ကြောင်ကလေးဟာ ထပ်ခိုးမှာ သွားပုန်းနေပြီး ကလေးလေးကို မှာနေတဲ့ လူကြီးတစ်ယောက်ရဲ့ စကားတွေကို နားထောင်ခဲ့တယ်။ “သား.. ငါးနဲ့နွားနို့ကို ရေခဲသေတ္တာထဲ သေချာသိမ်းထားနော်၊ ကြောင်တွေက ငါးနဲ့နွားနို့ကို အရမ်းကြိုက်တယ်”
ဒုတိယညမှာ ကြောင်ကလေးဟာ အိုးဘေးကနေ မိန်းမကြီးတစ်ဦးရဲ့ စကားကို နားထောင်ခဲ့တယ်။ “အသားခြောက်နဲ့ ဝက်အူချေ...
ငလျင်-Earthquake
မြေကြီးတုန်ခါခြင်းကို ငလျင်လှုပ်တာလို့ ခေါ်ပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ ကမ္ဘာအတွင်းပိုင်း ကျောက်လွှာများ ပြတ်ရွှေ့ခြင်း၊ နိမ့်ကျွံခြင်း၊ တွန့်ခေါက်ခြင်းနှင့် မီးတောင်ပေါက်ကွဲခြင်း တို့ကြောင့် ဖြစ်ပေါ်လာပါသည်။
ငလျင်မလှုပ်မီ
-အရေးပေါ်အိတ် ကြိုတင်ပြင်ဆင်ထားပါ။
-မိသားစုအားလုံးနှင့် ဆုံတွေ့ရန် နေရာသတ်မှတ်ထားပါ။
-လဲပြိုနိုင်သည့် အရာများကို ခိုင်မြဲစွာ ချည်နှောင်ထားပါ။
-အမြင့်ပေါ်တွင် တင်ထားသော ပစ္စည်းများကို လွယ်ကူစွာပြုတ်မကျစေရန် စီမံဆောင်ရွက်ထားပါသည်။
ငလျင်လှုပ်နေစဉ်
-မိမိကိုယ်ကို မိမိကာကွယ်ရမည်။ ဒါကြောင့် ထိုင်ချ၊ အကာအကွယ်ယူ၊ မြဲမြဲကိုင်ထားပါ
-ပြိုကျနိုင်သည့် အရာဝတ္ထု၊ အဆောက်အဦးများ အနီးမှ အမြန်ဆုံးရှောင်ရှားပါ။
-အဆောက်အဦး အတွင်းမနေဘဲ အပြင်ဘက်သို့ အမြန်ဆုံး ထွက်ခွာပါ။
-အဆောက်အဦးအတွင်း ပိတ်မိနေပါက ခိုင်ခံ့သည့် အရာဝတ္ထု၊ အမာခံများအောင်တွင်နေပါ။ ဦးခေါင်းကို အကာအကွယ်ယူထားပါ။
-ပင်လယ်ကမ်းခြေ၊ မြစ်ကမ်းစပ်တွင် နေထိုင်သူများဖြစ်ပါကကုန်းမြင့် ရှိရာသို့ အမြန်ဆုံးသွားပါ။ (ငလျင်လှုပ်ပြီးလျှင် ဆူနာမီရေလှိုင်းများ ရောက်လာတက်သဖြင့် )
ငလျင်လှုပ်ပြီး ဆောင်ရွက်ရန်
-ငလျင်လှုပ်ပြီး မီးလောင်နိုင်သဖြင့် မီးစွဲလောင်...
ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက်
သူနဲ့သူမ ကုမ္ပဏီရဲ့ ညစာစားပွဲတစ်ခုမှာ ဆုံကြတယ်။ ပညာတတ်၊ ရုပ်ချောနုပျိုတဲ့
သူမက ကုမ္ပဏီမှာ သတင်းမွှေးတယ်။ သူက သာမန်လူတစ်ယောက်ဖြစ်တယ်။ ပိုးပန်းသူတွေ
မနည်းလှတဲ့ သူမကို သူလည်း စိတ်ဝင်စားနေတာ ကြာပါပြီ။ ညစာစားပွဲ အပြီးမှာ သူမကို
ကော်ဖီတိုက်ဖို့ သူဖိတ်ခေါ်ခဲ့တယ်။ ရုတ်တရက် ဖိတ်ခေါ်မှုကို သူမ အံ့သြသွားပေမဲ့
ယဉ်ကျေးမှုကို မလွန်ဆန်ချင်တဲ့ သူမ ခေါင်းညိတ်လက်ခံခဲ့တယ်။
ကော်ဖီဝိုင်းမှာ သူတို့ ပြောစရာစကား မရှိဖြစ်နေတယ်။ နှစ်ယောက်လုံး
ရှိုးတိုးရှန့်တန့်ဖြစ်နေတယ်။ မြန်မြန် လက်စသတ်ပြီး ထပြန်ဖို့
သူမစိတ်လောနေမိတယ်။ စားပွဲထိုး ကော်ဖီလာချတော့ သူက ရုတ်တရက် “ကျေးဇူးပြုပြီး
ဆားပေးပါ။ ကျွန်တော်က ကော်ဖီသောက်ရင် ဆားထည့်သောက်တဲ့ အကျင့်ရှိလို့” လို့
ပြောတော့ သူမ အံ့သြရုံတင်မက စားပွဲထိုးပါ ကြောင်သွားတယ်။ သူ့စကားကြားတဲ့
လူတွေရဲ့ မျက်လုံးက သူအပေါ် လာစုနေကြတယ်။ သူ့မျက်နှာ နီမြန်းသွားတော့တယ်။
စားပွဲထိုးပေးလာတဲ့ ဆားကို ကော်ဖီထဲထည့်ဖျော်ပြီး သူဖြေးဖြေးချင်း သောက်နေတယ်။
“ဘာဖြစ်လို့ ဆားထည့်သောက်တာလဲ” သိချင်စိတ်ကို မအောင့်နိုင်တဲ့အဆုံး
သူမမေးလိုက်မိတယ်။ သူခဏလောက် မှင်သက်သွားတယ်။ ပြီးမှ တစ်လုံးချင်း
“ကွ...
သင်ဟာ တစ်စုံတစ်ယေက်အတွက် အရာရာတိုင်းဖြစ်နေနိုင်တယ်
အခု ဒီစာကို ဖတ်နေတဲ့ အချိန်အတွင်းမှာပဲ-----------
တစ်စုံတစ်ယောက်ဟာ
သင့်ကြောင့် ဂုဏ်ယူရတယ်
တစ်စုံတစ်ယောက်ဟာ
သင့်အကြောင်းကို တွေးတောနေတယ်
တစ်စုံတစ်ယောက်ဟာ
သင့်ကို အရမ်းဂရုစိုက်တယ်
တစ်စုံတစ်ယောက်က
သင့်ကို သိပ်လွမ်းနေတယ်
တစ်စုံတစ်ယောက်က
သင်နဲ့ စကားတွေ ပြောချင်နေတယ်
တစ်စုံတစ်ယောက်က
သင်နဲ့အတူ ရှိနေချင်တယ်
တစ်စုံတစ်ယောက်က
သင့်ကို ဘေးမတွေ့ဖို့ မျှော်လင့်နေတယ်
တစ်စုံတစ်ယောက်က
သင်ရဲ့ အထောက်အပံ့တွေကို
ကျေးဇူးတင်နေတယ်
တစ်စုံတစ်ယောက်ဟာ
သင့်ရဲ့လက်ကို ဆုပ်ကိုင်
ထားချင်နေတယ်
တစ်စုံတစ်ယောက်က
သင့်အတွက် အရာရာကို
အဆင်ပြေစေချင်တယ်
တစ်စုံတစ်ယောက်က
သင့်ကို ပျော်ရွှင်စေချင်တယ်
တစ်စုံတစ်ယောက်က
သင်ဟာ သူတို့ကို ရှာဖွေတွေ့ရှိစေချင်တယ်
တစ်စုံတစ်ယောက်က
သင့်ရဲ့ အောင်မြင်မှုတွေကို
ကျင်းပပေးနေတယ်
တစ်စုံတစ်ယေက်က
သင့်ကို လက်ဆောင်တွေ
ပေးချင်နေတယ်
တစ်စုံတစ်ယောက်က
သင်ဟာ သူ့အတွက် လက်ဆောင်တစ်ခုပဲလို့
မှတ်ယူနေတယ်
တစ်စုံတစ်ယောက်က
သင်ဟာ သူ့အပေါ်မှာ မအေးစက်လွန်း မနွေးထွေးလွန်းဖို့
မျှော်လင့်နေတယ်
တစ်စုံတစ်ယောက်က
သင့်ကို ပွေ့ဖက်ချင်နေတယ်
တစ်စုံတစ်ယောက်က
သင့်ကို ချ...
ဘာတွေပဲဖြစ်နေနေ၊ အဖေလာမယ်၊ စိတ်ချ ။ (ဖေမြင့် - နှလုံးသားအာဟာရ)
1989 ခုနှစ်တွင် အာမေးနီးယားပြည်တွင် ရစ်ချတာစကေး 8.2ရှိသည့် အင်အားပြင်းထန်သော မြေငလျင်ကြီးတစ်ခု ဖြစ်ပေါ်သည်။ တိုက်တာအိမ်ရာတွေ မြေကြီးမှာ ပြားပြားဝပ်သွားပြီး 4 မိနစ်တွင် မပြည့်သည့်အချိန်အတောအတွင်း လူပေါင်း 30,000 ကျော် သေဆုံးခဲ့ရသည်။အပျက်အစီးတွေ ဖရိုဖရဲ ကစဥ့်ကလျားကြားမှာ ဖခင်တစ်ယောက် ဇနီးသည်ကိုအိမ်မှာ ဘေးမသီရန်မခထားခဲ့ကာ သူ့သားရှိနေမည့် စာသင်ကျောင်းဆီသို့ ပြေးလာသည်။ သို့သော်ကျောင်းဆီရောက်တော့ ကျောင်းကမြေမှာပြားချပ်နေပြီ။
ရုတ်တရက် သူ့ရင်ထဲဆို့နင်ကာ ကယောင်ချောက်ချားဖြစ်သွားသည်။ သည့်နောက်မှာ သားကိုသူပေးထားသည့် ကတိစကားကို ပြန်ရ်ျသတိရသည်။ “ဘယ်ကိစ္စမျိုးကြုံကြုံ သားဘာမှမစိုးရိမ်နဲ့၊ အဖေရောက်လာမယ်စိတ်ချ” ဆိုသောစကား။ သူ့မျက်လုံးအစုံထဲမှာ မျက်ရည်တွေအိုင်လာသည်။ သူ့ရှေ့တွင် တစ်ချိန်ကစာသင်ကျောင်းရှိခဲ့သော နေရာတွင် အုတ်ပုံအစုအဝေးတစ်ခုရှိနေသည်။ ဘယ်လိုမှ မျှော်လင့်နိုင်စရာမရှိအောင် ပိပြားနေသည့် အုတ်ပုံကြီး တစ်ခု။ သို့သော် သားထံပေးခဲ့သည့် ကတိစကားကို သူထပ်တလဲလဲပြန်ကြားနေသည်။
စိတ်ကိုတည်ငြိမ်အောင်ကြိုးစားထိန်းကာ သူနေ့စဉ်နံနက်တိုင်း လိုက်ပို...
ဟေတီ ကယ်ဆယ်ရေးက မြန်မာနာဂစ်ထက် ပိုမိုသာလွန်
January 29, 2010 in သူတို့အတွေးသူတို့အမြင် | Leave a comment
Friday, 29 January 2010 17:35 ဆိုင်မွန် ရောက်ဂ်နင်း
ပို့တ် အော်ပရင့်စ် (PORT-AU-PRINCE)၊ ဟေတီ။
ဟေတီ ကပ်ဘေးသို့ ကယ်ဆယ်ရေး အကူအညီများ နှေးကွေး နေသည်က နာမည်ပျက်
အရှက်တကွဲ အကျိုး နည်း ရမည့်ကိစ္စ မဟုတ်သော်မှ အတော်လေးတော့ ရှက်စရာ
ကောင်းနေပြီ ဖြစ်သည်။
ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားသော ပို့တ် အော်ပရင့်စ် ရှိ ကက်သိုလစ်
ဘုရားရှိခိုး ကျောင်း တကျောင်း ရှေ့တွင် ဟေတီ တဦး ၀တ်ပြုဆုတောင်း နေစဉ်
(ဓာတ်ပုံ – AP)
ပြီးခဲ့သည့် အပတ်အတွင်း မိမိတွေ့ခဲ့ရသမျှ ငလျှင် ဘေးမှ ကံကောင်း ထောက်မ၍
အသက်ရှင် ကျန်ရစ်ကြရ သူများအနေနှင့် အစား အစာ၊ ရေနှင့် အခြေခံ အမိုးအကာ
ကဲ့သို့သော ကယ်ဆယ်ရေး ပစ္စည်းများ အမျိုးအမည် တခုမျှ မရရှိကြသေး သူများ
ရှိနေသလို၊ သူတို့ နေထိုင်ရာ မြို့ဘက်ပိုင်းဆီသို့ ကယ်ဆယ်ရေး လုပ်သား
တဦးတလေမျှ ရောက်မ လာ ကြသေးသည်ပင် ရှိနေသည်။ မိမိ သည်ပင် ပထမဦးဆုံး
တွေ့ရ သည့် နိုင်ငံခြားသား ဖြစ်သည်ဟု တချို့ သူများက ဆိုနေကြဆဲပင်။ ဤ
အချိန် သည် သဘာဝ ကပ်ဘေးကြီး ကျ ရောက်ပြီး တပတ် ကျော်လွန် လာ သည့်
အချိန်ဖြစ်သည်။
ဤအချက်...
Google တရုတ်က ထွက်တော့မည်
Thursday, 14 January 2010 15:54 ကိုထွေးဘေဂျင်းရှိ Google ရုံးချုပ်ရှေ့တွင်Googleကို ထောက်ခံကြောင်းပြသသည့် အနေဖြင့် Google အသုံးပြုသူများက ပန်းစည်း၊ ပန်းခြင်းများ ချထားသည်ကို တွေ့မြင်ရပုံ (ဓာတ်ပုံ - အေပီ)
Google ကုမ္ပဏီ မန်နေဂျာများက ယခုအခါ ကုမ္ပဏီ ၀န်ထမ်းများကို အိမ်ပြန်ရန် ပြောဆိုလျက်ရှိပြီး ၀န်ထမ်းများ အနေဖြင့် နောက်ရက်တွင် ရုံးသို့ လာရောက်ရေးကို အသေအချာ မသိရှိရ သေးကြောင်း အေပီ သတင်းတရပ်တွင် ရေးသားထားသည်။၂၀၀၅ ခုနှစ်တွင် စတင် ဖွင့်လှစ်သော Google ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ အတော်ဆုံး ကျောင်းသားများကို ငှားရမ်း ခန့်အပ်ခဲ့သည်။
ကွန်ပျူတာမှ အချက် အလက်များကို ခိုးယူ နှောင့်ယှက်သူများ (Hacker) က တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ အီးမေလ်းများကို ၀င်ရောက် တ...
ဘုရားဂုဏ်တော် ကိုးပါး ပါဠိ
ဣတိပိသော ဘဂ၀ါ -
၁။ အရဟံ
၂။ သမ္မာသမ္ဗုဒ္ဓေါ
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော
၎။ သုဂတော
၅။ လောက၀ိဒူ
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ
၇။ သတ္ထာ ဒေ၀မနုဿာနံ
၈။ ဗုဒ္ဓေါ
၉။ ဘဂ၀ါ ။
ဘုရားဂုဏ်တော်ကိုးပါး အနက်
(၁) အရဟံဂုဏ်တော်။ ။ သော ဘဂ၀ါ၊ သစ္စာလေးဆင့် ခိုင်လုံးရင့်ကာ ပွင့်လာခေါင်ဖျား ထိုအောင်တော်မူ မြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ ကိလေသာတို့မှ ကင်းဝေးတော်မူခြင်း၊ ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူခြင်း၊ သံသရာစက်၏ အကန့်အထောက်တို့ကို ဖျက်ဆီးတော်မူခြင်း၊ ပူဇော်အထူးနှင့်တကွ ပစ္စည်းလေးပါးတို့ကို ခံယူတော်မူထိုက်ခြင်း၊ မကောင်းမှုကို ပြုလုပ်ဖွယ် ဆိတ်ကွယ်ရာ မရှိခြင်းဟူသော အကြောင်းကြောင့်လည်း။ အရဟံ၊ "အရဟ" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။
(၂) သမ္မာသမ္ဗုဒ္ဓေါဂုဏ်တော်။ ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ သယမ္ဘူဥာဏ်တော်မြတ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ကြွင်းမဲ့ဥဿုံ အလုံးစုံသော ဉေ ယျဓံတရားဟူသမျှတို့ကို ကောင်းစွာမဖောက်မပြန် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ " သမ္မာသမ္ဗုဒ္ဓ" ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။
(၃) ၀ိဇ္ဇာစရဏသ...
ကမ္ဘာပေါ်ရှိ ရေတံခွန်များစွာတို့အနက် ထင်ရှားကျော်ကြားတဲ့ ရေတံခွန်များကို ဗဟုသုတအတွက် ဖော်ပြပေးလိုက်ပါတယ်..
ဒီရေတံခွန်က ဗင်နီဇွဲလားနိုင်ငံ Canaima အမျိုးသားဥယျာဉ်မှာရှိတဲ့ Angel Falls ပါ.. စုစုပေါင်း အမြင့်ပေ ၃၂၁၂ ပေမြင့်တဲ့ ကမ္ဘာ့ အမြင့်ဆုံး ရေတံခွန် တစ်ခုဖြစ်ပါတယ်…
တောင်အာဖရိကနိုင်ငံရှိ အမြင့်ပေ ၃၁၁၀ ရှိ ကမ္ဘာ့ဒုတိယ အမြင့်ဆုံး Tugela Falls ပါ
ဆွစ်ဇာလန်နိုင်ငံမှာတည်ရှိတဲ့ ဥရောပမှာ အကြီးဆုံးရေတံခွန်ဖြစ်တဲ့ Rhine Falls ပါ ဂျာမဏီနယ်စပ်နဲ့ မိုင်အနည်းငယ်သာကွားဝေးပါတယ်.. ရိုင်းမြစ်ထဲကို ရေပမာဏ အများဆုံး စီးဆင်းတဲ့ ရေတံခွန်ဖြစ်ပါတယ်…
အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် Yosemite အမျိုးသားဥယျာဉ်ရှိ Yosemite Falls ပါ.. အမြင့်ပေ ၂၄၂၅ မြင့်ပြီးတော့ ပုံစံမတူတဲ့ ပုံစံ ၃မျိုးနဲ့ စီးဆင်းတဲ့နေတဲ့ ရေတံခွန်ဖြစ်ပါတယ်..
အာဖရိကနိုင်ငံ Victoria အမျိုးသားဥယျာဉ် ရှိ Victoria Falls ပါ.. အမြင့်ပေအားဖြင့် ၃၅၀ သာရှိသော်လည်း အလွန်ကျယ်ပြန့်ကြီးမားတဲ့ရေတံခွန်ဖြစ်ပါတယ်.. အကျယ်အားဖြင့် ၅၇၀၀ ပေ ကျယ်ဝန်းပါတယ်…
ပီရူးနိုင်ငံရှိ ကမ္ဘာ့ ပဉ္စမမြောက် အမြင့်ဆုံး Gocta ရေတံခွန်ပါ… ပီရူးအစိုးရရဲ့ ကြ...
ဟာသ
တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး
နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက်
ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"
ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင်
လူနှစ်ယောက်ပျော်ရမယ်"
တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက်
ပျော်ရမယ်"
သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို
ပြောလိုက်သတဲ့...
"အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့
လူတွေအားလုံး ပျော်ကြမှာပဲ" ဟူတည်း
...
၂၀၁၀ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာဖွယ်ရှိ Posted on Nov 20 09 - 01:44 PM | Hits : 2400 |
Save as PDF
စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ကြီး (OECD)က ကမ္ဘာနှင့်တ၀ှမ်း စီးပွားရေး နလံထူမှုများသည် (၂၀၁၀)ခုနှစ်တွင် ပြန်လည်စတင်လာနိုင်ကြောင်း ခန့်မှန်းခဲ့သည်။ အဖွဲ့ဝင် နိုင်ငံ(၃၀)ပါဝင်သော အဖွဲ့ကြီးတွင် ဗြိတိန်နှင့် အမေရိကန်တို့ကဲ့သို့ ကြွယ်ဝသော နိုင်ငံများလည်း အပါအ၀င်ဖြစ်သည်။ တစထက်တစ ပြန်လည်ကောင်းမွန်လာသော ကမ္ဘာ့စီးပွားရေးသည် လက်ရှိအချိန်တွင် (၀.၇)ရာခိုင်နှုန်းမျှ ပြန်လည်တိုးတက်လာသော်လည်း (၂၀၁၀)ခုနှစ်တွင် နှစ်ဆကျော်မျှ အရှိန်ကောင်းကာ (၁.၉)ရာခိုင်နှုန်းမျှထိ တိုးတက်လာမည်ဟု OECDက ခန့်မှန်းခဲ့သည်။ သို့သော်လည်း နိုင်ငံတိုင်းတွင် စီးပွားရေး ပြန်လည်နလံထူလာမှု ညီမျှမည်မဟုတ်ဘဲ အချို့သော နိုင်ငံများသည် ခက်ခဲကြမ်းတမ်းသည့် အခြေအနေများဖြင့် တွေ့ကြုံရုန်းကန်ရနိုင်ကြောင်းလည်း အဖွဲ့ကြီးက သတိပေးထားသည်။ OECDက တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုသည် အလျင်မြန်ဆုံး ဖြစ်လာနိုင်ကြောင်း သ...
မြောက်အမေရိကတိုက်တွင် အအေးပြင်းထန်ပြီး ဆီးနှင်းထူထပ်စွာကျရောက် Posted on Feb 08 10 - 03:08 PM | Hits : 812 |
Save as PDF
မြောက်အမေရိကတိုက် အရှေ့ဖက်ကမ်းခြေ ဒေသအတော်များများတွင် ပြင်းထန်သော အအေးဒဏ်နှင့် နှင်းများသိပ်သည်းစွာ ကျရောက်လျက်ရှိကြောင်း သိရသည်။ ဖေဖော်ဝါရီလ (၇)ရက်နေ့မှစပြီး စိုစွတ်သောနှင်းများ ကျဆင်းသည့် ရာသီဥတုသည် ရေခဲသည်အထိ ပိုမိုအပူချိန် ကျဆင်းလာနိုင်ကြောင်း ရာသီဥတု ပညာရှင်များက ခန့်မှန်းသတိပေးထားသည်။ ထို့အပြင် အမေရိကန်ရှိ လူဦးရေ သောင်းဂဏန်းမျှသည် လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် ကြုံတွေ့နေရပြီး လမ်းပမ်းဆက်သွယ်မှုမှာလည်း အချို့နေရာများတွင် ခက်ခဲလျက်ရှိနေကြောင်း သိရသည်။ အင်ဒီးယားနားအရှေ့ပိုင်း၊ ပန်ဆီလ်ဗားနီးယားနှင့် မေရီလန်းမှတဆင့် မြောက်ကာရိုလိုင်းနားထိ နှင်းမုန်တိုင်း တိုက်ခတ်မှုအချို့ ဖြစ်ပေါ်ခဲ့ရာ ကီလိုမီတာ ရာပေါင်းများစွာထိ ကျယ်ပြန့်စွာ အအေးဒဏ်ကို ခံစားခဲ့ရခြင်းဖြစ်သည်။ မြောက်ပိုင်းမေရီလင်းတွင် နှင်းများကျဆင်းမှုသည် အထူ(၉၆)စင်တီမီတာထိ ရှိလာခဲ့ရာ စံချိန်တ် ပမာဏပင်ဖြစ်ကြောင်း ရာသီဥတု လေ့လ...
ဆရာဖေမြင့် စာပေဟောပြောပွဲပြုလုပ်မည် Posted on Jan 25 10 - 03:33 PM | Hits : 1038 |
Save as PDF
ဆရာကြီး ဦးဖေမြင့်၏ "ဘဝ တိုးတက်မှုအတွက် စာဖတ်ခြင်း " ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ စာပေစိတ်ဝင်စားသူများ၊ တိုးတက်မှုအတွက် ကြိုးပမ်းဆောင်ရွက်နေသော လူငယ်များအတွက် အထောက်အကူပြုမည့် ဟောပြောပွဲတစ်ခုဖြစ်ပြီး ဇန်နဝါရီ၃၁ရက်(တနင်္ဂနွေ)နေ့တွင် Knowledge Bank Library & Learning Center၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။ Knowledge Bank Library & Learning Center သည် အမှတ် (၂၁၄) ၄လွှာ ၊ အနော်ရထာလမ်းနှင့် ၃၂ လမ်းထောင့် ၊ ပန်းပဲတန်း မြို့နယ် ၊ ရန်ကုန်မြို့တွင် ဖြစ်ပြီး ဆက်သွယ်စုံစမ်းလိုသူများ အနေဖြင့် ဖုန်း - ၃၈၆၆၉၃ ၊ E mail - welcomeknowledgebank@gmail.com သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။





